Ps: ဆရာငှက် သီချင်းလေးကို ကိုယ်တိုင်တီးချင်လို့ ရှာတာ လက်ရှိအချိန်မှာ မတွေ့လို့
စုပေါင်းစပ်ပေါင်း လုပ်ပြီး ပြန်တင်ပေးလိုက်ပါတယ် လိုအပ်ချက်များရှိပါက ခွင့်လွတ်ပါ
အဆင်ပြေကြပါစေ ...
အိမ်ပြန်ချိန် လမ်းကလေးရဲ့ည မဲပေါက်သွားတဲ့ အရူးတစ်ယောက်လေ လမ်းပေါ်မှာပျော်လို့....
ချစ်သူ.. ငါတို့ရှေ့မှာ မိုးရွာမယ်၊ လေထန်မယ်၊ တို့မီးရှို့မီးတွေငြိမ်းသက်ရမယ်....
အိပ်ရာမဲ့ ဝင်္ကဘာထဲ အမြဲတမ်း ရုံးကန်ရင်း နလန်ထအောင် ဘယ်လောက်လုပ်လုပ် ငါ့ဘဝက စက်ရုပ်တစ်ခုလိုပဲ...
အစာလွန် အိပ်မက်တွေ ကိုယ်ပိုင် နှစ်သိမ့်မျက်ရည်များနဲ့ ယောင်ဝါး နေ့ရှည်ရှည် အတ္တိသရ လွန်နေကြတဲ့ လူကြွားတွေရဲ့ ဘဝနဲ့ချီတဲ့ အဓိပ္ပါယ်မဲ့ ပျက်လုံးတွေ…
အသဲ ကွဲရင်ကွဲပါစေတော့ မင်းနှုတ်ခမ်းနဲ့ မင်းအနမ်းတွေကို မျှော်လင့်ရင်း အသက်ဆက်နေတဲ့ ငါဟာ သိုးမဲတစ်ကောင်ပါ မင်းအတွက် ငါဟာ နေတစ်စင်းမဟုတ်ခဲ့ပေမယ့် ကြယ်တစ်ကြွေစာ အလင်းရောင်လေး လောက်ဖြစ်ဖြစ် လင်းခွင့်ရချင်သေးတယ်...
စုပေါင်းစပ်ပေါင်း လုပ်ပြီး ပြန်တင်ပေးလိုက်ပါတယ် လိုအပ်ချက်များရှိပါက ခွင့်လွတ်ပါ
အဆင်ပြေကြပါစေ ...
အိမ်ပြန်ချိန် လမ်းကလေးရဲ့ည
မဲပေါက်သွားတဲ့ အရူးတစ်ယောက်လေ
လမ်းပေါ်မှာပျော်လို့....
သူပြောချင်ရာတွေပြောရင်းသွားလိုက်တာ
သူ့ဟာသူတောင်ဘယ်ရောက်မှန်းမသိဘူး....
အဲဒီ့ညကကောင်းကင်မှာလတော့ရှိနေတယ်
ဒါပေမဲ့မမြင်ရဘူး တိမ်ဖုံးနေလို့လေ...
ဒါပေမဲ့သူကတော့ပျော်နေလိုက်တာ
အင်းလေ ပျော်ရှာမှာပေါ့ ပျော်ပါစေလေ
အဲဒီ့ညကကြယ်တွေမစုံတာသူမသိဘူး....
ညလေညှင်းတွေကြားမှာ
တစ်ယောက်တည်းကြည်နူးနေတဲ့
မဲပေါက်သွားတဲ့အရူးတစ်ယောက်လေ......
ချစ်သူ.......အချစ်ဆိုတာဘာလဲ....
ငါငယ်ငယ်ကသင်ခဲ့ဖူးတယ်.....ဒါပေမဲ့နားမလည်ဘူး.....
အခုငါ့ကိုပြန်ရှင်းပြပေးပါလား....ငါကနဲနဲတော့ဒုံးဝေးတယ်....
ချစ်သူ......အမုန်းဆိုတာဘာလဲ....
ငါသင်ခန်းစာတွေမလိုက်နိုင်လို့......အဲဒါလည်းမရှင်းဘူး...
အားရင်ပြောပြပေးပါဦး...မသင်ပေးနိုင်လဲရတယ်နော်.....
ချစ်သူ.....သစ္စာဆိုတာကရောဟင်...
သူများတွေသိပ်ပြောကြတဲ့အပုဒ်ပေါ့....
ဒါပေမဲ့ဘယ်စာမျက်နှာမှာပါတာလဲ...ငါမသိဘူးဖြစ်နေတယ်....
ချစ်သူ....စွဲလမ်းမှုတဲ့...
ဒီတစ်ခုတော့စိတ်ဝင်စားသလိုပဲ.....ဒါပေမဲ့ဉာဏ်သိပ်မကောင်းလို့...
ရှင်းပြပေးပါဦး......
ချစ်သူ...ငါတို့ကျောင်းမှာသင်တာတွေအများကြီးပဲ...
ဒါပေမဲ့ဘယ်တစ်ခုမှငါအခုထိမကြေညက်ခဲ့သေးဘူး...
ချစ်သူ...မင်းရှင်းပြပေးမယ်ဆိုရင်...
မီးအိမ်ကလေးဖြစ်ဖြစ်ယူလာခဲ့ပေးနော်....
ငါ့အခန်းကအရမ်းမှောင်တယ်....
ချစ်သူ....နောက်ဆုံးတောင်းပန်ချင်တာက...
ငါကထုံထုံထိုင်းထိုင်းမို့ အချိန်ယူပြီး စိတ်ရှည်ပေးပါလို့....
သူကငါ့ကို မေးဖူးတယ် သူမဟုတ်တဲ့သူ့ကို လွမ်းသလားတဲ့ ငါပြန်ဖြေလိုက်တယ်..
" -- " လို့ အဲဒီတုန်းက သူရယ်တယ်လေ.... အခု ငါကသူ့ကို ပြန်မေးကြည့်ချင်တယ်
ငါမဟုတ်တဲ့ ငါ့ကို လွမ်းသလားလို့
" -- " လို့ သူပြန်ဖြေရင် သူ့တုန်းကလို ငါရယ်နိုင်မှာလား....
သိပ်ချစ်တယ်.... လို့ ပြောချင်လဲ ချစ်ခွင့်မကြုံ မဆုံနိုင်တဲ့ ဒီဘဝမှာ အသာအယာ သိမ်းဆည်းထား....
ဒါပေမယ့် ငါ့အပြုံး ငါ့မျက်လုံးမှာ မင်းတွေ့ မှာပါ မင်းအပြုံး မင်းမျက်လုံးမှာလဲ ငါတွေ့ထားတယ်....
တို့နှစ်ယောက်ရဲ့ နားလည်မှု အပြန်အလှန် ဖေးကူရင်းနဲ့ ရှေ့ ကိုဆက်သွားကြမယ်....
အချစ်ကို အချစ်လို့ပဲ မှတ်လိုက်ပါ ဘာအရောင်မှ မဆိုးနဲ့ ဒီလိုဆို တို့နှစ်ယောက်သက်သာမယ်....
တစ်ခါတစ်ရံ တောင့်တမိတယ် မင်းရဲ့့ ကြင်နာမှုနဲ့ ရင်ခုန်သံကို ဒါဆို အိမ်မက်ထဲမင်းလာခဲ့ ငါရင်ခုန်စွာ စောင့်ကြိုမယ်....
တို့ နှစ်ယောက်ရဲ့ ပန်းတိုင်က Infinity မှာရှိနေတယ် အဲဒါကို စိတ်ကူးထဲကနေ အရောက်သွားကြမယ်....
မင်းလိုက်မှာလား ငါ့ရဲ့ လက်ကိုဆုတ်ကိုင်ပြီး ဒါမှမဟုတ် မင်းရဲ့ လက်ကို ငါက ဆုတ်ကိုင်ပြီးတော့ပေါ့....
မင်းစိတ်ကူးကြည့်လိုက်စမ်း Infinity မှာ တို့နှစ်ယောက် အတူရှိနေတယ် အဲဒီမှာဆို မင်း အခုမပြောဖြစ်တဲ့ စကား ပြောဖြစ်မှာလား သိမ်းထားမှာလား....
Infinity ကို အရောက်သွားနိုင်ခဲ့ရင်တော့ ငါတို့ တောင့်တဖူးတဲ့ အရာတွေကို ပိုင်ဆိုင်နိုင်လိမ့်မယ်လို့ မင်းတွေးကြည့်ဖူးလား ချစ်သူ....
ငါ အဆိုးမြင်ဝါဒီဆိုတဲ့ ခေါင်းစဉ်အောက်မှာ အားလုံး
ခဝါချ လုံးပါးပါးရမယ်လား
ငါ အောင်မြင်တာကို မလိုချင်တဲ့ ငပျင်းတစ်ယောက်လို အကြည့်ခံရတာ ကို ခံစားပြီး လုံးပါးပါးရမယ်လား
ငါ က မျက်လုံးတွေကို သိပ်ဖတ်တတ်တယ် စကားလုံးတွေရဲ့ နောက်က စိတ်ကို သိပ်နားလည် တတ်တယ်ဆိုတာ သိလာတဲ့ တနေ့
အဟတ် §ဂရုမစိုက်ဘူးဆိုတဲ့ ဖာသိဖာသာ အတိတ်တွေမှာ လူ့ကျင့်ဝတ်တွေကို နားလည်တဲ့သူတွေရဲ့ ရင်ထဲက ငိုညည်းသံတွေရှိတယ်
ဉာဏ်နဲ့ယှဉ်ပြီး အသံ နဲ့ ကြိုး ကိုက်ညီချင်သေးတယ်ဆိုရင် ရင်ဘတ်ထဲက ကြိုးတွေကို ညှိကြတာပေါ့
ဒါက ဘဝတခုဆိုရင်တော့ သိပ်စောလွန်းနေမလားပဲ
တွန်းအားတခုက အကျိုးသက်ရောက်မှာတော့ သေချာတယ်
တနင့်တပိုး မြိုချထားခဲ့ရတဲ့ ပေါက်ခါနီး ဗုံးသီးတွေ မအံထွက်ပါစေနဲ့ ငါဆုတောင်းမိတယ်
ဒါကို ဒေါသလို့ သတ်မှတ်မယ်ဆို welcome ပါ.
***ကဗျာ မရေးရတာကြာပြီဗျာ ခံစားချက်မဲ့နေတာ ကြာပြီ ကုန်ကြမ်းပေးကြတဲ့ ပုဂ္ဂိုလ် များ ကျေးဇူးပါ ကဗျာတပုတ်လောက် အန် ကျ သွားတော့ နေရတာနည်းနည်း ပေါ့သွားသလိုပဲ ***
12:16AM 4thJuly18 ML ဆော့ပြီးရေးသည် 😁
ဥာဏ်နဲ့ယှဉ်ပြီး အသံ နဲ့ ကြိုး ကိုက်ညီချင်သေးတယ်ဆိုရင် ရင်ဘတ်ထဲက ကြိုးတွေကို ညှိကြတာပေါ့
ဆို့နင့်စွာ ခံစားတိုင်းငါ့မျက်ဝန်းတွေ နွေးထွေးစွတ်စို…အရာရာ သိုဝှက် နောက်ရက် ဆိုတာမသေချာပေမယ့် ..လက်ရှိကပို မျိုသိပ် နှုတ်ဆိတ်နေရုံ..အရိုးစူးသလို ငါ့အချစ်က မျိုလေနာလေပဲ …လွမ်းခန်း တသသနဲ့နေမင်းနှုတ်ဆက်ချိန် ညရီရောမှာငါကိုယ်တိုင် က နေရတဲ့ဝေဝါး ကြမ်းရှရှ ဇါတ်ခုံလားချစ်သူရေ …. မျှော်လင့်တိုင်းပြည့်စုံပါစေသား …..